မြန်မာဘီယာနှင့် လုပ်ကိုင်နေသည့် ဖက်စပ်လုပ်ငန်းကို စွန့်လွှတ်ရန် ဂျပန်ဘီယာကုမ္ပဏီ Kirin က ၎င်းပိုင်ရှယ်ယာများကို ပြန်လည်ရောင်းချမည်
တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက် မြန်မာဈေးကွက်မှ ထွက်ခွာရန် ကြိုးစားနေတဲ့ ဂျပန် အဖျော်ယမကာ လုပ်ငန်းကြီး Kirin က တပ်မတော်နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းစုကြီးနဲ့ ဖက်စပ်လုပ်ကိုင်တဲ့ လုပ်ငန်းမှ မိမိပိုင် ရှယ်ယာတွေကို အပြီးအပြတ်ဝယ်ရန် သဘောတူခဲ့တယ်လို့ ဇွန်လ ၃၀ ရက်တွင် ယင်းကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။