ဥကရစ်ထတိုက်ပွဲကြောင့် ထိုင်းဘက်သို့ တိမ်းရှောင်ထွက်ပြေးခဲ့ရသည့်စစ်ရှောင်ပြည်သူများ နေရပ်မပြန်နိုင်သေးဟုဆို
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက် မိုင် ၄၀ ခန့်အကွာဥကရစ်ထဒေသမှာ ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် ထိုင်းနိုင်ငံသို့ နေရပ်စွန့်ခွာ အသက်လုထွက်ပြေးခဲ့ရတဲ့ စစ်ဘေးရှောင်ပြည်သူများ ယနေ့အထိ မိမိနေရပ်သို့ မပြန်နိုင်သေးကြောင်း သတင်း ရရှိပါတယ်။