ပုဗ္ဗသီရိမြို့နယ်တွင် မြေ ၂၃ ဧကကျော် လျှောက်ထားရယူမှုနှင့်ပတ်သက်၍အဂတိဖြင့် စွဲချက်တင်ထားသည့်အမှုအတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စွပ်စွဲခံရသူများကို စတင်စစ်ဆေး
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောင်ရွက်မည့်စီမံကိန်းတစ်ခုအတွက် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် မြေဧရိယာ ၂၃ ဒသမ ၈၅၅ ဧကကို လျှောက်ထားရယူသည့်ကိစ္စနှင့်ပတ်သက်၍ တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ်(၄)အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စွပ်စွဲခံသူရများအား စတင်စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။