အဝေးသင် ကျောင်းတက်ရက်မှာ ယခင်စနစ်အတိုင်းသာ တက်ရောက်ရမည်ဟု အဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိသူ အတည်ပြု
အဝေးသင် ၅ ရက် နှစ်ကြိမ်ခွဲတက်ရမယ့်စနစ်ဟာ ပညာရေးဝန်ကြီးဌာနအနေနဲ့ တရားဝင် စာထုတ်ပြန်ထားခြင်းမရှိပဲ ကျောင်းသားကျောင်းသူတွေနဲ့ ဆရာဆရာမတွေရဲ့ သဘောထားတောင်းခံခြင်းသာဖြစ်ပြီး အရင်အနီးကပ် ၁၀ ရက်အတိုင်းသာ တက်ရောက်ရမယ်လို့ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာသိန်းဝင်းက အတည်ပြု ပြောကြားပါတယ်။