၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူ ၃၃ ဦးကို ထိုင်းနှင့် စင်ကာပူနိုင်ငံသို့ လေ့လာရေး ခရီးပို့ဆောင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏အစီအစဉ်ဖြင့် ပညာရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲ၊ သိပ္ပံဘာ သာတွဲများတွင် မြန်မာတစ်နိုင်ငံလုံး အမှတ် အများဆုံးဖြင့် အဆင့် ၁ မှ အဆင့် ၁၀ အ တွင်း အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ (၃၃) ဦးကို ကြီးကြပ်သူဆရာ၊ ဆရာမများ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၄ ရက် မှ ၈ ရက်အထိ ထိုင်းနိုင်ငံနှင့် စင်ကာပူ နိုင်ငံသို့ လေ့လာရေးခရီးပို့ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန် ချက်အရ သိရသည်။