လတ်တလော အခြေအနေများကြောင့် မော်တော်ယာဉ်တင်သွင်းခွင့်နှင့် မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ပြီးရောင်းချသည့် မူဝါဒ များကို ပြန်လည်သုံးသပ်နေကြောင်း စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီးပြောကြား
လတ်တလောအခြေအနေတွေကြောင့် မော်တော်ယာဉ်တင်သွင်းခွင့်နဲ့ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ပြီး ရောင်းချ တဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်နေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ဇူလိုင် ၁၀ ရက်က ကျင်းပတဲ့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းတတိယအကြိမ်မြောက်နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးမှာ မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။