လေဖိအားနည်းရပ်ဝန်းတည်ရှိနေ၍ ကပ္ပလီပင်လယ်ပြင်တွင် မုတ်သုံလေအားကောင်းနေခြင်းကြောင့် စစ်ကိုင်း၊ ရန်ကုန်၊ ဧရာဝတီ၊ ကချင်နှင့် ကရင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်
အိန္ဒိယနိုင်ငံကုန်းတွင်းပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတည်ရှိနေပြီး ကပ္ပလီပင်လယ်ပြင်မှာ မုတ်သုံလေ အားကောင်းနေ တာကြောင့် စစ်ကိုင်း၊ ရန်ကုန်၊ ဧရာဝတီ၊ ကချင်နှင့်ကရင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း ဇူလိုင် ၁၀ ရက်မှာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။