ဇူလိုင် ၁၂ ရက်မနက်ခင်းသတင်းအစီအစဉ်
■ ဖိနှိပ်မှုရပ်တန့်စေရေးနှင့် ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားရေးအတွက် မြန်မာအား ဆက်လက်ဖိအားပေးမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် ပြောကြား
■ အများပြည်သူလှူဒါန်းငွေများမှ လရောင်တောစီမံကိန်းတွင် ၎င်းနေထိုင်ရန် တစ်ထပ်အဆောက်အအုံတစ်လုံး ဆောက်လုပ်ခဲ့သည် ဆိုသော ကိစ္စနှင့် ပတ်သက်၍ အဂတိဖြင့် စွဲချက်တင်ထားသည့်အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေး
■ ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ဝင်ရောက်အရွေးခံမည်ဟု နိုင်ငံခြားရေးဝန်ကြီးလစ်ထရပ် ကြေညာခဲ့သဖြင့် ဝန်ကြီးချုပ်နေရာအတွက် ဝင်ရောက်အရွေးခံသူ ၁၁ ဦးရှိလာ
■ မကာအိုတွင် သီတင်းတစ်ပတ်ကြာ lockdown ချမှတ်မှု စတင်
■ ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူနိုင်မည်ဟု ဘာစီလိုနာ ယုံကြည်