အများပြည်သူလှူဒါန်းငွေများမှ လရောင်တောစီမံကိန်းတွင် ၎င်းနေထိုင်ရန် တစ်ထပ်အဆောက်အအုံတစ်လုံး ဆောက်လုပ်ခဲ့သည် ဆိုသော ကိစ္စနှင့် ပတ်သက်၍ အဂတိဖြင့် စွဲချက်တင်ထားသည့်အမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေး
နေပြည်တော်ရှိ လရောင်တောစီမံကိန်းမှာ ဒေါ်ခင်ကြည်ဖောင်ဒေရှင်းဥက္ကဋ္ဌဖြစ်သူ နေထိုင်ဖို့ တစ်ထပ်အဆောက်အဦကို ဒေါ်ခင်ကြည်ဖောင်းဒေရှင်းသို့ အများပြည်သူ လှူဒါန်းငွေတွေထဲမှ အသုံးပြုခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/ ၆၃ နဲ့ စွဲချက်တင်ထားတဲ့ ရာဇဝတ်ကြီး အမှုအမှတ်(၅)အတွက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခဲ့ကြောင်း အမှုနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရပါတယ်။