အမြန်လမ်းတွင် ယခုနှစ်ပထမ ၆ လတာအတွင်း ယာဉ်မတော်တဆမှု ၈၄ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၄ ဦး၊ ၁၂၉ ဦး ဒဏ်ရာရရှိ(ရုပ်သံ)
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ၂၀၂၂ ခုနှစ်၊ ပထမနှစ်ဝက် ၆ လတာကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၈၄ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၄ ဦးနဲ့ ဒဏ်ရာရရှိသူ ၁၂၉ ဦးရှိခဲ့တယ်လို့ နေပြည်တော် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။