■ ပုဒ်မ ၁၂၄ (က) ဖြင့် ထောင်ဒဏ် ၂၀ နှစ် ချမှတ်ခံထားရသည့် ဦးဝင်းထိန်၏အမှု ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပြင်ဆင်မှု တက်ထားခြင်းအား လက်ခံသင့်၊မသင့် ကြားနာမည်
■ ပုဒ်မ ၁၃၀-ကဖြင့် စွဲချက်တင်ထားသည့် အမှုအတွက် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား စစ်ဆေး
■ မရမ်းကုန်းမြို့နယ်၊ ဦးအောင်ဘွင့်လမ်းတွင် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
■ တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်အောက်သို့ ပြန်လည်ကျဆင်းလာနေပြီး ယာယီပိတ်ထားသည့် ကျောင်းနှစ်ကျောင်း ပြန်လည်ဖွင့် လှစ်
■ အမေရိကန်လုပ် ပစ်မှတ်တိကျသည့် ဟီမားစ် (Himars) ဒုံးကျည်များက ယူကရိန်းစစ်ပွဲတွင် ရုရှားကို အထိနာစေသည်ဟု စစ်ရေး ကျွမ်းကျင်သူများ သုံးသပ်ပြောကြား
■ သီရိလင်္ကာသမ္မတ၏ နုတ်ထွက်မှုကို လက်ခံခဲ့ဟု လွှတ်တော်ဥက္ကဌပြောကြားခဲ့ပြီး ဇူလိုင် ၂၀ တွင် သမ္မတသစ် ရွေးကောက်မည်ဟု ကြေညာ
■ ဆုဖလားအားလုံးအတွက် တိုက်ပွဲဝင်သွားမည်ဟု စပါးနည်းပြ ကွန်တီ ကြုံးဝါး