အမေရိကန်လုပ် ပစ်မှတ်တိကျသည့် ဟီမားစ် (Himars) ဒုံးကျည်များက ယူကရိန်းစစ်ပွဲတွင် ရုရှားကို အထိနာစေသည်ဟု စစ်ရေး ကျွမ်းကျင်သူများ သုံးသပ်ပြောကြား
အမေရိကန်လုပ် ပစ်မှတ်တိကျတဲ့ ရော့ကတ်တွေကို ဇွန်လမှာ ယူကရိန်းထံ ပေးပို့ခဲ့ပြီးကတည်းက အဆိုပါရော့ကတ်တေ ဟာ အရေးပါတဲ့ စစ်မြေပြင်မှာ ယူကရိန်းတပ်ဖွဲ့တွေကို စွမ်းရည်မြင့်တက်လာစေခဲ့ကာ ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကို ဟန်ချက် ပြောင်းသွားစေခဲ့ပြီး ရုရှားတပ်ဖွဲ့တွေအနေနဲ့ ၎င်းတို့ရဲ့ ထိုးစစ်တွေကို ရပ်ဆိုင်းရဖွယ်အနေအထားကို ဖြစ်စေခဲ့တယ်လို့ ကျွမ်းကျင် သူတွေက သုံးသပ်ပြောကြားခဲ့ပါတယ်။