Kaung For You တွင်ပါဝင်ခဲ့သည့် ဆရာ ဆရာမများ ဩဂုတ် ၇ ရက်နောက်ဆုံးထား၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များသို့ ဆက်သွယ်သတင်းပို့နိုင်ပြီး အေးချမ်းစွာနေထိုင်ရေး အာမခံချက်ပေးမည်ဟု ထုတ်ပြန်
Kaung For You က ပညာသင်ကြားမှုအစီအစဉ်တွင်ပါဝင်ခဲ့တဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ ဩဂုတ် ၇ ရက်နောက်ဆုံးထားပြီး သက်ဆိုင်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့သို့ ဆက်သွယ် သတင်းပို့နိုင်ပြီး အေးချမ်းစွာနေထိုင်ရေး အာမခံချက်ပေးမှာဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။