ဇူလိုင် ၂၇ ရက်မနက်ခင်းသတင်းအစီအစဉ် (တိုက်ရိုက်ထုတ်လွှင့်မှု)
■ သေဒဏ်ချမှတ်ခံခဲ့ရသူများ၏ ရုပ်အလောင်းများ ပြန်ပေးခြင်း၊ မပေးခြင်းသည် ထောင်အာဏာပိုင်များ၏ ဆုံးဖြတ်ချက်သာဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
■ စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်ထံမှ ဒေါ်လာ ငါးသိန်းခွဲ လာဘ်ယူခဲ့သည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်အား အဂတိဖြင့် စွဲချက်တင်ထားသည့် အမှု နှစ်မှုအတွက် ပြန်ခေါ်သက်သေအား စစ်ဆေး
■ ရဟတ်ယာဉ် ဝယ်ယူခြင်းနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တိုအား အဂတိဖြင့် တရားစွဲထားသည့်အမှုအတွက် လိုပြသက်သေတစ်ဦးအား စစ်ဆေး
■ ယခုသီတင်းပတ်ထဲတွင် သမ္မတရှီကျင်းပင်နှင့် ဖုန်းပြောဆိုဆွေးနွေးနိုင်ရန် မျှော်လင့်ထားသည်ဟု သမ္မတဘိုင်ဒင် ပြောကြား
■ ဒိန်းမတ်ဆေးကုမ္ပဏီထုတ် ရေကျောက်ကာကွယ်ဆေးတစ်မျိုးကို အီးယူက မျောက်ကျောက်ရောဂါ ကာကွယ်ဆေးအဖြစ် အသုံးပြုခွင့်ပြု
■ ရီးယဲလ်အသင်း ပြီးခဲ့သည့်ရာသီကထက် ပိုမိုတောင့်တင်းလာပြီဟု အန်ဆယ်လော့တီ ကြုံးဝါး