မျောက်ကျောက်ရောဂါနှင့်ဆက်နွှယ်ပြီး သေဆုံးသူများ ပိုမိုများပြားလာနိုင်သည်ဟု WHO ၏ ဥရောပရုံးက ပြောကြား
အာဖရိကအပြင်ဘက်မှာ မျောက်ကျောက်ရောဂါနဲ့ဆက်နွှယ်တဲ့ ပထမဆုံးသေဆုံးသူများရှိခဲ့တယ်လို့ သတင်းတွေ ထွက် ပေါ်ခဲ့ပြီးနောက် အဲဒီရောဂါနဲ့ဆက်နွှယ်ပြီး သေဆုံးမှုတွေ ပိုမိုများပြားလာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ဥရောပရုံး က ဇူလိုင် ၃၀ ရက်မှာပြောကြားခဲ့ပြီး ဆိုးရွားတဲ့ ထပ်တိုးရောဂါဖြစ်ပွားမှုအခြေအနေမှာ ရှားပါးဆဲဖြစ်တယ်လို့ အလေးပေးပြော ဆို ခဲ့ပါတယ်။