မူဆယ်အမှတ် ၁ စည်ပင်သာယာဈေး တောင်ဘက်ထောင့်ရှိ ယာဉ်ထိန်းရဲကင်းမီးပွိုင့်အနီး ဗုံးဟု ယူဆရသော အရာဖြင့် ပစ်ခတ်မှုကြောင့် ငါးဦး ထိမှန်ခဲ့ပြီး တစ်ဦးသေဆုံးခဲ့
မူဆယ်မြို့အမှတ် ၁ စည်ပင် သာယာဈေးအရှေ့တောင်ထောင့်မှာ ဩဂုတ်လ ၁ ရက်နေ့ မနက် ၁၁ နာရီခန့်က ဗုံးလို့ ယူဆရတဲ့ အရာနဲ့ တိုက်ခိုက်ခံရမှုကြောင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင် တစ်ဦး၊ နမ့်ဖက်ကာပြည်သူ့စစ်တပ်ဖွဲ့ဝင် သုံးဦးနဲ့ အရပ်သား အမျိုးသမီး နှစ်ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးဟာ ဆေးရုံမှာ ဆေးဝါးကုသနေစဉ် သေဆုံးခဲ့ကြောင်း သိရပါတယ်။