ကစားသမားသစ်များ အချိန်မီကစားခွင့်ရလိမ့်မည်ဟု ဘာစီလိုနာယုံကြည်

ကစားသမားသစ်များ အချိန်မီကစားခွင့်ရလိမ့်မည်ဟု ဘာစီလိုနာယုံကြည်
Published 9 August 2022

ဘဏ္ဍာရေးပြဿနာကြောင့် လက်ရှိနွေရာသီမှာ ခေါ်ယူထားတဲ့ လီဝန်ဒေါစကီး၊ ခွန်ဒဲ၊ ကက်ဆီး၊ ခရစ္စတန်ဆန်နဲ့ ရာဖင်ညာတို့ကို ကစားသမားမှတ်ပုံတင်ခွင့် မရသေးပေမဲ့ လာလီဂါပြိုင်ပွဲမစတင်မီ ကစားခွင့်ရလိမ့်မယ်လို့ ဘာစီလိုနာအသင်း ယုံကြည်နေပါတယ်။