အာဖရိကတိုက်ကို ဩဇာလွှမ်းမိုးအောင်ကြိုးစားရာတွင် အမေရိကန်က အခြားအင်အားကြီးနိုင်ငံများထက် သာလွန်အောင်ကြိုးစားနေခြင်းမဟုတ်ဟု နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကင် ပြောကြား
အမေရိကန်ပြည်ထောင်စုက အာဖရိကနဲ့ စစ်မှန်တဲ့ မိတ်ဖက်ဖြစ်ဖို့ ကြိုးစားလျက်ရှိပြီး အာဖရိကတိုက်ကို ဩဇာလွှမ်းမိုးဖို့အတွက် ယှဉ်ပြိုင်ရာမှာ တခြားသော ကမ္ဘာ့အင်အားကြီးနိုင်ငံတွေထက် သာလွန်အောင်ကြိုးစားနေခြင်းမဟုတ်ဘူးလို့ ဩဂုတ် ၈ ရက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။