ထိုင်ဝမ် ခွဲထွက်ရေးဝါဒီများကို သည်းခံမည်မဟုတ်ဟု တရုတ် သတိပေး
ထိုင်ဝမ်ရှိ ခွဲထွက်ရေးဝါဒီတွေရဲ့ လှုပ်ရှားမှုတွေကို လုံးဝသည်းခံမှာ မဟုတ်ဘူးလို့ တရုတ်က ဩဂုတ် ၁၀ ရက်မှာ သတိပေးခဲ့ပြီး လိုအပ်လာပါက ထိုင်ဝမ်ကို အင်အားသုံးပြီး သိမ်းယူသွားမယ်လို့ ထပ်လောင်း အတည်ပြုခဲ့ပါတယ်။