စစ်ကိုင်းမြို့ ဧရာဝတီတံတား (ရတနာပုံ) စစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်မှုတွင် PDF နှစ်ဦးနှင့် ခရီးသည်နှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရ (ရုပ်သံ)
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ တကောင်းရပ်ကွက် ဧရာဝတီတံတား (ရတနာပုံ) စစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်မှုမှာ PDF နှစ်ဦးနဲ့ ခရီးသည်နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။