EMG ဝန်ထမ်းမိသားစုက ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

EMG ဝန်ထမ်းမိသားစုက ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
Published 20 August 2022

Eleven Media Group ဝန်ထမ်းမိသားစုက ဝါတွင်းကာလ ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်အစရှိသောလှူဒါန်းဖွယ်ရာများကို ရွှေပြည်သာမြို့နယ်၊ ခေမာသိဒ္ဓိမင်းကျောင်းပရိယတ္တိစာသင်တိုက်တွင် ဆက်ကပ်လှူဒါန်း (ရုပ်သံ)

Eleven Media Group ဝန်ထမ်းမိသားစုက ဝါတွင်းကာလ နှစ်စဉ်ပြုလုပ်နေကျဖြစ်သည့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် စာချ၊စာသင် အလုပ်ခွင်တွင် ပျော်မွေ့တော်မူကြသည့် သံဃာတော်များအတွက် နေ့စဉ် ဆွမ်းနှင့် ဆွမ်းဟင်းကိစ္စ အခက်အခဲမရှိစေရန် ဆွမ်းဆန် အစရှိသည့် လှူဒါန်းဖွယ်ရာများ လှူဒါန်းခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ သြဂုတ် (၁၉)ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။