အမိမြေကို ကာကွယ်ရန် ထိုင်ဝမ်ပြည်သူများ၏ စိတ်ပိုင်းဖြတ်မှုကို မည်သည့်ခြိမ်းခြောက်မှုမျိုးကမှ ယိမ်းယိုင်စေမည်မဟုတ်ဟု သမ္မတဆိုင်အင်းဝမ်ပြောကြား (ရုပ်သံ)
လွန်ခဲ့တဲ့ ဆယ်စုနှစ်ခြောက်ခုက ထိုင်ဝမ်က တရုတ်စစ်တပ်ကို တွန်းလှန်နိုင်ခဲ့ကာ အမိမြေကို ကာကွယ်သွားမယ့် ခိုင်မာတဲ့ ဆုံးဖြတ်ချက်က ဒီနေ့အချိန်အထိ မယိမ်းမယိုင် ရှိနေဆဲဖြစ်တယ်လို့ ထိုင်ဝမ် သမ္မတဆိုင်အင်းဝမ်က ဩဂုတ် ၂၃ ရက်မှာ ပြောကြားခဲ့ပါတယ်။