ပဲခူးမြစ်ကူးတံတားသန်လျင် အမှတ် ၃ တည်ဆောက်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၃၂၃ . ၂၀၆ သန်း လျာထား
ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) တည်ဆောက်ရေးစီမံကိန်းရဲ့ ရန်ကုန်ဘက်ကမ်းရှိ ခုံးကျော် တံတား ပန္နက်တင်ခြင်း အခမ်းအနားကို သာကေတမြို့နယ် ၊ ရှုခင်းသာမြို့ပတ်လမ်းအနီးရှိ ခုံးကျော်တံတား တည်ဆောက်မယ့် မြေနေရာမှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။