ဆေးဝါးနှင့် စားနပ်ရိက္ခာ ပို့ဆောင်မှုများ ကန့်သတ်ထားဟု OCHA ထုတ်ပြန်

ဆေးဝါးနှင့် စားနပ်ရိက္ခာ ပို့ဆောင်မှုများ ကန့်သတ်ထားဟု OCHA ထုတ်ပြန်
Published 25 August 2022

တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်နှင့် မောင်တောမြို့နယ်များသို့ ဆေးဝါးနှင့် စားနပ်ရိက္ခာ ပို့ဆောင်မှုများ ကန့်သတ်ထားဟု OCHA ထုတ်ပြန်

တပ်မတော်နဲ့ (AA)အဖွဲ့တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး ပလက်ဝမြို့နယ်နဲ့ မောင်တောမြို့နယ်တွေဆီ ဆေးဝါးနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်တာတွေ ကန့်သတ်ထားပြီး နေရာအများအပြားမှာ လုံခြုံရေးတင်းကျပ်ထားတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး(OCHA)က သြဂုတ် ၂၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။