အိုမီခရွန်မျိုးကွဲအတွက် ရည်ရွယ်ထုတ်လုပ်ထားသည့် ကိုဗစ် ကာကွယ်ဆေးကို အမေရိကန်အာဏာပိုင်များထံမှ အတည်ပြုချက် ရရှိရန် Pfizer ကြိုးပမ်း
အမေရိကန်ဆေးကုမ္ပဏီ Pfizer နဲ့ တွဲဖက်ဂျာမန်ဆေးကုမ္ပဏီ BioNTech က အိုမီခရွန်မျိုးကွဲအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးကို အမေရိကန်အာဏာပိုင်တွေထံမှ ခွင့်ပြုချက်ရရှိဖို့ တောင်းခံထားတယ်လို့ ဩဂုတ် ၂၂ ရက်က ပြောကြားခဲ့ပါတယ်။