ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဝန်ကြီးချုပ်ပရာယွတ်ကို ရာထူးမှ ဆိုင်းငံ့ထားစဉ် ဒုတိယဝန်ကြီးချုပ် ပရာဝစ် ဝေါင်ဆူဝန်က ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူ (ရုပ်သံ)
ဝန်ကြီးချုပ်ပရာယွတ်ချ်အိုချာအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ရာထူးသက်တမ်းကန့်သတ်ချက်ကို ရောက်ရှိနေခြင်း ရှိမရှိအပေါ် ထိုင်းနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက စဉ်းစားသုံးသပ်နေစဉ်အတောအတွင်း ၎င်းကိုရာထူးကနေဆိုင်း ငံ့ထားစဉ် ဒုတိယဝန်ကြီးချုပ်ပရာဝစ်ဝေါင်ဆူဝန်က ယာယီဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့ပြီး အစိုးရအဖွဲ့အစည်းအဝေးကို ဦး ဆောင်ကျင်းပခဲ့တယ်လို့ သိရပါတယ်။