နစကဥက္ကဋ္ဌနှင့် RCSS အဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးကိစ္စရပ်များဆွေးနွေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့တို့ သြဂုတ် ၂၉ ရက်နေ့က နေပြည်တော်မှာ ဒုတိယအကြိမ်အဖြစ်တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။