စက်တင်ဘာ ၁ ရက်မနက်ခင်းသတင်းအစီအစဉ်
■ စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံကုန်ဈေးနှုန်းကြီးမြင့်လာတာကို သက်သာစေရန် နိုင်ငံခြားသုံးငွေဈေးကွက်မှတစ်ဆင့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့မည်ဖြစ်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်
■ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ ဈေး သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၄၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းဖြစ်ပေါ်နေဟုဆို
■ ကော့ကရိတ်မြိုနယ်တွင် လုံခြုံရေးအခြေအနေအရ ညမထွက်ရအမိန့်ကို ညနေ ၆ နာရီမှ နံနက် ၄ နာရီအထိ ပြောင်းလဲသတ်မှတ်
■ ဆန်တစ်ပြည် တစ်ရာကျပ်၊ ကြက်ဥတစ်ကဒ် တစ်ရာကျပ်ဖြင့် သာကေတမြိုနယ်တွင် ရောင်းချရာတွင် လူအများအပြား လာရောက်တန်းစီဝယ်ယူခြင်းကြောင့် မလောက်ငှမှုများဖြစ်ပေါ်
■ အမေရိကန်တွင် မျောက်ကျောက်ရောဂါနှင့် ဆက်နွှယ်၍ ပထမဆုံး လူသေဆုံးမှု ဖြစ်ပွား
■ အန်တိုနီကို မန်ယူအသင်း အချိန်ပေးရမည်ဟု ဖာဒီနန် သုံးသပ်