ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်ရရှိသူများ နိုင်ငံတော်အစီအစဉ်ဖြင့် သင်ကြားလျှင် တစ်လလျှင် ကျပ် ၈၀၀ သာ ပေးသွင်းရမည်ဖြစ်ပြီး မိမိအစီအစဉ်ဖြင့်သင်ကြားလျှင် ပညာသင်ကာလပြီးဆုံးချိန်ထိ ကျပ်သိန်း ၆၀၀၊ ၇၀၀ ကုန်ကျမည်
ဆေးတက္ကသိုလ်နဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်တွေကို ဝင်ခွင့်ရရှိသူတွေဟာ နိုင်ငံတော်အစီအစဉ်နဲ့ ပညာသင် ကြားပါက တစ်လကို ကျပ် ၈၀၀ သာ ပေးသွင်းရမှာဖြစ်ပြီး မိမိအစီအစဉ်နဲ့ သင်ကြားပါက ပညာသင်ကာလပြီးဆုံးချိန်အထိ ဆေး တက္ကသိုလ်ဆိုပါက ကျပ်သိန်း ၆၀၀၊သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ဆိုပါက ကျပ်သိန်း ၇၀၀ ကုန်ကျမှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။