ရန်ကုန်-မန္တလေး အမြန်လမ်းစစ်ဆေးရေးဂိတ်တွင် ခရီးသွားရင်း Lockdown မိ၍ညအိပ်ရပ်နားသော Express ယာဉ်ပေါ်ပါ ခရီးသည်တစ်ဦး ညအိပ်ရပ်နားရင်းသေဆုံး
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် စက်တင်ဘာ ၃ ရက် နံနက်အစောပိုင်းကအမြန်လမ်းစစ်ဆေးရေးဂိတ်တစ်ခု၌ ခရီးသွားရင်း Lockdown မိ၍ ညအိပ်ရပ်နားခဲ့သော Express ယာဉ်တစ်စီးပေါ်မှခရီးသည်တစ်ဦး ညအိပ်ရပ်နားရင်းသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်း တာဝန်ရှိသူထံမှသိရပါတယ်၊