အင်းစိန် ဦးရေခဲလမ်းမှာ ရှိတော့ အားလုံးက ဦးရေခဲလမ်း မုန့်ဟင်းခါး ဆိုပြီးခေါ်ကြတယ်။ အရင်တုန်းက ညဘက်ရောင်းတာပေါ့နော်။ ညကနေ မနက် ၃ နာရီလောက်ထိ ရောင်းတယ်။ အခုနောက်ပိုင်း ည ၁၀ နာရီလောက်ထိ ပဲရောင်းတယ်။ အနုပညာရှင်တွေ အဓိက လာစားကြတယ်။သူတို့ အလုပ်ပြီး ချိန် ညဘက်တွေ ဝင်စားကြရင်း လူသိများလာတယ်။ မှတ်မှတ်ရရ အနုပညာရှင်က အဆိုတော် မချောစုခင် ကတစ်ဆင့် အနုပညာရှင်တော်တော်များများ သိသွားကြတယ် ထင်တယ်ဆိုတဲ့ အင်းစိန် ဦးရေခဲလမ်း မှ ဒေါ်ရင်ရွှေ မုန့်ဟင်းခါး