ဇာပိုရီရှားနျူကလီးယားသုံးဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရသဖြင့် နျူးကလီးယားဘေးအန္တရာယ်နှင့် ပတ်သက်၍ ယူကရိန်း သမ္မတ သတိပေး
ကုလသမဂ္ဂရဲ့အဏုမြူစောင့်ကြည့်ရေးအေဂျင်စီက စက်တင်ဘာ ၆ ရက်မှာ ယူကရိန်းရဲ့ ဇာပိုရီရှားစက်ရုံအခြေအနေနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီကို အစီရင်ခံဖို့ စီစဉ်ထားတာနဲ့အတူ ဇာပိုရီရှားနျူကလီးယားသုံးဓာတ်အားပေးစက်ရုံ လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရပြီး မီးလောင်မှုဖြစ်ပေါ်ခဲ့ပြီးနောက် စက်ရုံမှာ နောက်ဆုံးလည်ပတ်နေတဲ့ ဓာတ်ပေါင်းဖိုကို မဟာဓာတ်အားလိုင်းနဲ့ အဆက် ဖြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။