တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် လူ ၆၅ ဦးထက်မနည်း သေဆုံးကာ မြေပြိုမှုများလည်းဖြစ်ပေါ်
စက်တင်ဘာ ၅ ရက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် လူ ၆၅ ဦးထက် မနည်း သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ သို့မ ဟုတ် ပိတ်မိနေသူ ရာနှင့်ချီရှိနိုင်ကာ နိုင်ငံ အနောက်တောင်ပိုင်းရှိ ဝေးလံခေါင်သီသော ကျေးရွာများတွင် အပျက်အစီးပုံများကြား$ အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်ရေး အဖွဲ့များက ပိုက်စိပ်တိုက် လိုက်လံရှာဖွေ လျက်ရှိသည်။