ဦးကိုနီအသတ်ခံရမှုနှင့်ပတ်သက်ပြီး ကြည်လင်းနှင့်အောင်ဝင်းဇော်တို့ကို ကြိုးမိန့်သေဒဏ်များချမှတ်

ဦးကိုနီအသတ်ခံရမှုနှင့်ပတ်သက်ပြီး ကြည်လင်းနှင့်အောင်ဝင်းဇော်တို့ကို ကြိုးမိန့်သေဒဏ်များချမှတ်
Published 15 February 2019

တရားလွှတ်တော်ရှေ့နေဦးကိုနီကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်နဲ့ပစ်သတ်ခဲ့တဲ့အတွက် ကျူးလွန်သူ ကြည်လင်းကို ကြိုးမိန့်သေဒဏ်ချမှတ်ခဲ့သလို တက္ကစီယာဉ်မောင်းကိုနေဝင်းကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ အတွက်လည်း ထောင်ဒဏ် နှစ် (၂၀) ချမှတ်ခဲ့ပါတယ်။ ဒါ့အပြင် ဦးကိုနီကိုလုပ်ကြံရာမှာ ပါဝင်ပတ်သက်ခဲ့တဲ့ အောင်ဝင်းဇော်ကိုလည်း ကြိုးမိန့်သေဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

Most Recent