ပါကစ္စတန်တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားပြီးနောက် ကူးစက်ရောဂါများ၏အန္တရာယ်ကို WHO သတိပေး
ပါကစ္စတန်နိုင်ငံရဲ့ ရေဘေးသင့်ဒေသတွေမှာ ရေကနေတဆင့်ကူးစက်တဲ့ရောဂါတွေနဲ့ အခြားရောဂါတွေကို ဆရာဝန် တွေနဲ့ ဆေးဘက်ဝန်ထမ်းတွေက တိုက်ဖျက်နေရချိန်မှာ လူပေါင်းထောင်ချီသေဆုံးစေခဲ့တဲ့ ရေလွှမ်းမိုးမှုတွေဖြစ်ပွားပြီးချိန်မှာ ရောဂါဖြစ်ပွားမှုတွေဟာ ဒုတိယဘေးအန္တရာယ်တစ်ခုလို ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စက်တင်ဘာ ၁၇ ရက် မှာ သတိပေးခဲ့ပါတယ်။