ချစ်သူများနေ့က အရမ်းထူးထူးဆန်းဆန်းနေ့ကြီးမဟုတ်သလို အဲ့နေ့မှDate လို့ရတာမဟုတ်ပါဘူး၊ ချစ်သူမရှိသူတွေလည်းအားငယ်တာထက်ပျော်ပျော်နေပါလို့ ဆိုတဲ့မေတိုးခိုင်နဲ့နော်ဖောအယ်ထား
သရုပ်ဆောင်မေတိုးခိုင်နဲ့ နော်ဖောအယ်ထားတို့ကတော့ ချစ်သူများနေ့က သူတို့အတွက်တော့ အရမ်းထူးထူးဆန်းဆန်းနေ့ကြီးမဟုတ်ဘဲ အဲ့နေ့ထက် ပိုပြီး Special ဖြစ်တာတွေ တောင်ဖြတ်သန်းပြီးပြီ လို့ဆိုကာ ချစ်သူများနေ့မှာတော့ သူငယ်ချင်း၊မိသားစုတွေနဲ့ရှိမယ်လို့ဆိုပါတယ်။ ချစ်သူမရှိတဲ့သူတွေလည်း အားငယ်တာထက်ပျော်ပျော်နေပါလို့ မေတိုးခိုင်နဲ့နော်ဖောအယ်ထား တို့ကခုလိုပြောပါတယ်။