ရုရှားအစိုးရက လက်နက်ချသည့်စစ်သားများနှင့် စစ်တိုက်ရန်ငြင်းဆိုသည့်စစ်သားများကို ပြစ်ဒဏ်များပိုမိုတင်းကျပ် (ရုပ်သံ)
ရုရှားအစိုးရက မိမိသဘောဆန္ဒအလျောက် လက်နက်ချတဲ့ စစ်သားတွေ သို့မဟုတ် စစ်တိုက်ဖို့ ငြင်းဆိုတဲ့ စစ်သားတွေကို ထောင်ဒဏ် ၁၀ နှစ်အထိချမှတ်ခံရမယ်လို့ ဖော်ပြမှုနဲ့ အတူ စက်တင်ဘာ ၂၄ ရက်မှာ ပြစ်ဒဏ်တွေကို ပိုမိုတင်းကျပ်ခဲ့ကာ ယူ ကရိန်းမှာ ဖြစ်ပွားနေတဲ့ ခုနစ်လကြာ စစ်ပွဲအတွင်း အသာစီးမရတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီးနောက် ထောက်ပံ့ပို့ဆောင်ရေး ဆိုင်ရာ ထိပ်သီးဗိုလ်ချုပ်ကြီးတစ်ဦးကို လူစားထိုးလဲလှယ်ခဲ့ပါတယ်။