ရဟတ်ယာဉ် ဝယ်ယူထိန်းသိမ်းခြင်း ကိစ္စများအပေါ် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား တရားစွဲထားသည့် အဂတိ အမှု နှစ်မှုအတွက် လူကယ်ပြန် ဒုတိယအမြဲတမ်းအတွင်းဝန်အား စစ်ဆေး
ရဟတ်ယာဉ် ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲထားတဲ့ရာဇဝတ်ကြီးအမှုအမှတ် ၄၉ နဲ့ ၅၀ တို့အတွက် စက်တင်ဘာ ၂၆ ရက်က နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးမှာ ရုံးထုတ်ကာ တရားလိုပြသက်သေ လူကယ်ပြန် ဒုတိယအမြဲတမ်း အတွင်းဝန်ကို စစ်ဆေးခဲ့ကြောင်း အမှုနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရပါတယ်။