ကမ္ဘာအနီးမှ ဖြတ်သန်းသွားသည့် Dimorphos ဂြိုဟ်သိမ်ကို နာဆာက DART အာကာသယာဉ်ဖြင့် ဝင်တိုက်၍ လမ်းကြောင်းလွှဲမှု အောင်မြင်
စကြဝဠာဝရာဆိုင်ရာအရာဝတ္ထုတွေက ကမ္ဘာပေါ်ရှိသက်ရှိတွေ သေကြေပျက်စီးအောင်လုပ်ဆောင်ခြင်းကို လူသားတို့ ဟန့်တားရေးအတွက် အရေးပါသော စမ်းသပ်မှုအတွင်း ကမ္ဘာမှ မိုင်ခုနစ်သန်းအကွာရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု လမ်းကြောင်းလွဲစေရန် စက်တင်ဘာ ၂၆ ရက်မှာ နာဆာအာကာသယာဉ်က ဂြိုဟ်သိမ်ကို ဝင်တိုက်ခဲ့ပါတယ်။