မုတ္တမတောင်တန်းပေါ်ရှိ သမိုင်းဝင်ကျိုက်ဖျဉ်ကူစေတီတော်၏ တောင်ဘက်ရင်ပြင်အား ပြုပြင်ရန်မြေတူးစဉ် (၁၄) ရာစုခန့်မှ သက္ကရာဇ်နှင့် မွန်စာများပါသည့် ရှေးဟောင်းခေါင်းလောင်းတစ်လုံး တွေ့ရှိ
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမမြို့၊ မုတ္တမတောင်တန်းပေါ်မှာရှိတဲ့ ရှေးဟောင်း (၁၆) ဌာန သမိုင်းဝင်ကျိုက်ဖျဉ်ကူ စေတီတော်ရဲ့ တောင်ဘက်ရင်ပြင်ကို ပြုပြင်ဖို့ အောက်တိုဘာလ (၈) ရက် နံနက်ပိုင်းက မြေတူးစဉ် (၁၄) ရာစုခန့်က သက္ကရာဇ် နဲ့ မွန်စာတွေပါရှိတဲ့ ရှေးဟောင်းခေါင်းလောင်းတစ်လုံး တွေ့ရှိခဲ့တယ်လို့ သမိုင်းဝင်ကျိုက်ဖျဉ်ကူစေတီတော် ပြုပြင်ရေး အကျိုး တော်ဆောင်အဖွဲ့ထံက သိရပါတယ်။