ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့၏အမှု အပြီးသတ်လျှောက်လဲချက်ပေးရမည့်နေ့တွင် တရားသူကြီး မရှိသဖြင့် မတ်လ ၁ရက်နေ့သို့ ပြန်လည်ချိန်းဆို
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့စာရေးဆရာဝေဟင်အောင်တို့ရဲ့အမှုနဲ့ပတ်သက်ပြီး အပြီးသတ် လျှောက်လဲချက် ပေးရမယ့် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ တရားသူကြီးမရှိတာကြောင့်လို့ဆိုကာ လျှောက်လဲချက်မပေးခဲ့ရဘဲ မတ်လ၁ရက်နေ့ကို ရုံးချိန်းပြန်လည်ချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။