ထိုင်ဝမ်၏ လွတ်လပ်မှုနှင့် ဒီမိုကရေစီအတွက် လုံးဝအလျှော့ပေးမည်မဟုတ်ဟု သမ္မတဆိုင်အင်းဝမ် အခိုင်အမာပြောကြား
ထိုင်ဝမ်အနေနဲ့ မိမိတို့ရဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ ရပ်တည်ရှင်သန်မှုပုံစံကို ဘယ်သောအခါမှ စွန့်လွှတ်မှာ မဟုတ်ကြောင်း ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က အမျိုးသားနေ့ မိန့်ခွန်းမှာ တရုတ်ကို သတိပေးပြောကြားလိုက်ပါတယ်။