မိုင်းထောင်ဖောက်ခွဲ၊မီးရှို့ဖျက်ဆီးခြင်းများကြောင့် ဓါတ်အားလိုင်းတာဝါတိုင် ၆၄ တိုင် ပျက်စီးဆုံးရှုံး
မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်းများကြောင့် ဓါတ်အားလိုင်း တာဝါတိုင် ၆၄ တိုင် ပျက်စီးဆုံးရှုံးခဲ့ဟု နစက ထုတ်ပြန်
မိုင်းထောင်ဖောက်ခွဲ၊မီးရှို့ဖျက်ဆီးခြင်းတွေကြောင့် အောက်တိုဘာ ၁၁ ရက်အထိ ၆၆ ကေဗွီဓါတ်အားလိုင်း ၉ လိုင်းရဲ့ တာဝါတိုင် ၁၉ တိုင်၊ ၂၃၀ ကေဗွီနဲ့ ၁၃၂ ကေဗွီ လျှပ်စစ်ဓါတ်အားလိုင်း ၆ လိုင်းတို့ရဲ့ တာဝါတိုင် ၄၅ တိုင် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။