ယူကရိန်းနယ်မြေများကို ရုရှား၏တရားမဝင်သိမ်းပိုက်မှုအား ရှုတ်ချသည့် ဆုံးဖြတ်ချက် ကုလသမဂ္ဂအထွေထွေညီလာခံ
ယူကရိန်းနယ်မြေများကို ရုရှား၏ တရားမဝင်သိမ်းပိုက်မှုအား ရှုတ်ချသည့် ဆုံးဖြတ်ချက် ကုလသမဂ္ဂအထွေထွေညီလာခံ အတည်ပြု
ရုရှားကို ပိုမိုပြတ်ပြတ်သားသားရှုတ်ချဖို့ အရေးပါတဲ့ အမေရိကန်သံတမန်ရေး ကြိုးပမ်းမှုတွေရှိခဲ့ပေမယ့်လည်း ယူကရိန်း နယ်မြေကို ရုရှားရဲ့ တရားမဝင်သိမ်းသွင်းမှုကို ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်ကို မဲခွဲရာမှာ ရှုတ်ချတဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံ ၁၄၃ နိုင်ငံက ထောက်ခံခဲ့ပြီး ငါးနိုင်ငံက ကန့်ကွက်ခဲ့ကာ တရုတ်၊ အိန္ဒိယ၊ တောင်အာဖရိက၊ ပါကစ္စတန်တို့ အပါအဝင် နိုင်ငံ ၃၅ နိုင်ငံ က မဲမပေးဘဲ နေခဲ့ပါတယ်။