ထိုင်းရော်ဘာခြံအတွင်း အောက်တိုဘာ ၁၅ ရက်က ဖဲဝိုင်းတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားအချို့ ဥပဒေနှစ်ရပ်ဖြင့် အရေးယူ ခံရနိုင်ဟု ဆို (ရုပ်သံ)
ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီခရိုင်၊ ထချန်မြို့နယ်မှာရှိတဲ့ ရော်ဘာခြံအတွင်းဖဲဝိုင်းမှာ အောက်တိုဘာလ ၁၅ ရက် ညက ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၇၃ ဦးအနက် အချို့သူတွေဟာ ဥပဒေနှစ်ရပ်နဲ့ အရေးယူခံရနိုင်တယ်လို့ အလုပ်သမားရေး လုပ်ဆောင်နေသူတွေထံက သိရပါတယ်။