သထုံ - ဘားအံကားလမ်းပေါ်ရှိ ကြာဘန်းတိုးဂိတ်တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုများရှိခဲ့
မွန်ပြည်နယ် သထုံမြို့နယ်၊ကြာဘန်းကျေးရွာ၊ သထုံ - ဘားအံကားလမ်းပေါ်ရှိ ကြာပန်းတိုးဂိတ်မှာ အောက်တိုဘာ ၁၇ ရက် မနက်ပိုင်းက ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ဆေးရေးဂိတ်ကို လာရောက်ပစ်ခတ်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့တို့မှ နှစ်ဖက်ထိခိုက်မှုများရှိခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။