မြဝတီမြို့တွင် ဆိုင်ကယ်လုယက်သူများကို ရပ်ကွက်အုပ်ချုပ်ရေးနှင့် လုံခြုံရေးအဖွဲ့က ဖော်ထုတ်ဖမ်းဆီး
မြန်မာ-ထိုင်း နယ်စပ်မြဝတီမြို့မှာ ဆိုင်ကယ် လုယက်သူတွေနဲ့ လုယက်ခံရတဲ့ ဆိုင်ကယ်တွေကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ လုံခြုံရေးအဖွဲ့ဝင်တွေက အောက်တိုဘာ ၁၆ ရက်နဲ့ ၁၇ ရက်က လိုက်လံဖမ်းဆီးဖော်ထုတ်ခဲ့ရာ လုယက်သူလေးဦးနဲ့ ဆိုင်ကယ် ၁၀ စီးကျော်တို့ကို ဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရပါတယ်။