အောက်တိုဘာ ၂၂ ရက်နေ့ နံနက်ပိုင်းသတင်းအစီအစဉ် ( နံနက် ၇ နာရီခွဲ တိုက်ရိုက်ထုတ်လွှင့်မှု )
■ မြန်မာနိုင်ငံကို နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့(FATF)က အမည်မည်းစာရင်း သတ်မှတ်
■ ကော့ကရိတ်မြို့အတွင်းသို့ KNU/KNLA တပ်မဟာ(၆) လက်အောက်ခံတပ်ရင်းများ၊ KKO (ခွဲထွက်) အဖွဲ့နှင့် PDF များက ပစ်ခတ်တိုက်ခိုက်ပြီး သုံးဦးသေဆုံးကာ ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း နစက ထုတ်ပြန်
■ ကော့ကရိတ်မြို့တွင် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် နယ်စပ်မြဝတီမြို့တွင် အသွားအလာမရှိသလောက်နည်းပါးပြီး လုံခြုံရေး တင်းကျပ်စွာ ဆောင်ရွက်နေဟု ဒေသခံများ ပြောကြား
■ COVID-19 ရောဂါဓာတ်ခွဲနမူနာ ၁၁၀၅၁ ခု စစ်ဆေးရာ အတည်ပြုလူနာသစ် ၂၅၇ ဦး တွေ့ရှိပြီး ထပ်မံသေဆုံးသူ တစ်ဦးရှိ
■ ၂၀၁၄ ခုနှစ်နောက်ပိုင်း ဂျပန်၏ ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့
■ မြောက်ကိုရီးယားအရေးနှင့်စပ်လျဉ်းပြီး စည်းလုံးညီညွတ်မှုရှိကြောင်း ပြသရန် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက လာမည့်သီတင်းပတ်တွင် ဂျပန်သို့ သွားရောက်မည်
■ ဗီလာနည်းပြသစ်ဖြစ်လာရန် ပိုချက်တီနိုနှင့် တူဟယ်လ် ရေပန်းစား