တရုတ်ကွန်မြူနစ်ပါတီ၏ အတွင်းရေးမှူးချုပ်အဖြစ် ရှီကျင်းပင် တတိယအကြိမ်မြောက် ရွေးကောက်ခံရ
တရုတ်သမ္မတ ရှီကျင်းပင်ဟာ အောက်တိုဘာ ၂၃ ရက်က ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ်အဖြစ် တတိယအကြိမ် မြောက် ရွေးကောက်ခံခဲ့ရပြီး မော်စီတုန်းပြီးပါက တရုတ်ရဲ့ ဩဇာအကြီးဆုံးခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့ကာ ၎င်းရဲ့အရင်းနှီးဆုံး မဟာမိတ်အချို့ဟာလည်း ထိပ်သီးခေါင်းဆောင်တွေအဖြစ် ရာထူးတိုးမြှင့်ခြင်းခံခဲ့ရပါတယ်။