ရုရှားက နျူကလီးယားလက်နက် အသုံးပြုမည်ဆိုလျှင် လူသားမျိုးနွယ်အပေါ် ရန်လိုဆန့်ကျင်သည့်လုပ်ရပ် ဖြစ်လာမည်ဟု ဂျပန်သတိပေး
ရုရှားအနေနဲ့ နျူကလီးယားလက်နက်တွေ အသုံးပြုလာမယ်ဆိုပါက လူသားမျိုးနွယ်အပေါ် ရန်လိုဆန့်ကျင်တဲ့ လုပ်ရပ် အဖြစ် ရှုမြင်ခံရလိမ့်မယ်လို့ ဂျပန်ဝန်ကြီးချုပ် ဖုမိအိုကီရှီဒါက အောက်တိုဘာ ၂၂ ရက်ကသတိပေးခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ စစ်လက်နက်အင်အားနဲ့ခြိမ်းခြောက်နေတာကအလွန်စိုးရိမ်စရာကောင်းနေတယ်လို့လည်း ၎င်းက ပြောကြားခဲ့ပါတယ်။